
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၀.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်နှင့် ယုဇနရပ်ကွက်ရှိ စားသောက်ဆိုင်(၅)ဆိုင်သို့ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်းရှင်များအားအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်စားသောက်ဆိုင်များအနေဖြင့် စည်ပင်သာယာရေး အဖွဲ့၏အစားအသောက်များထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းလိုင်စင်ရယူခြင်း၊ စားသောက်ဖွယ်ရာများတည်ခင်းရောင်းချရန်အတွက်အသုံးပြုသည့် အဆောက်အအုံပိုင်နက်ဥပစာအား သန့်ရှင်းစွာဆောင်ရွက်ထားခြင်း၊ဆိုင်လုပ်သားများတူညီဝတ်စုံဝတ်ဆင်ထားပြီးအစားအသောက်ချက်ပြုတ်ပြင်ဆင်သူများအနေဖြင့်သတ်မှတ်ထားသောလက်အိတ်များ၊သန့်ရှင်းသောရှေ့ဖုံးပါဝတ်စုံနှင့်ခေါင်းစွပ်များ ဝတ်ဆင်ထားခြင်းဆောင်ရွက်ထားကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့်လုပ်ငန်းရှင်များအားစားဖိုဆောင်တွင်ပိုးမွှားပေါက်ဖွားမှုမရှိစေရန်ခြေနင်းပါအမိုက်ပုံးများထားရှိရန်၊ကျန်းမာရေးဦးစီးဌာန၏ ကူးစက်ရောဂါကင်းရှင်းခွင့် ထောက်ခံချက်လက်မှတ်ရယူရန်၊ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက်များ သိရှိစေရန်အတွက် ဈေးနှုန်းအားဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်သည်စားသုံးသူအပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့်ဖော်ပြရမည့်အာမခံချက်များကို လိုက်နာဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)