ဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှဦးစီးအရာရှိ ဦးဆောင်သောဝန်ထမ်းများသည်(၈.၄.၂၀၂၅)ရက်နေ့၊ (၉:၃၀)နာရီအချိန်တွင်အောင်ပန်း မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် ဆန်များကိုရောနှောရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း ၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူး ခြင်း ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဆန်အိတ်(၁၀၀၀)နှင့်အထက်သိုလှောင် ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင်ရမည်ဖြစ်ကြောင်း  အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)