စားသုံးဆီလက်လီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုတိယဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများသည်(၈.၄.၂၀၂၅)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ကလောမြို့နယ်၊ဟဲဟိုးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်နှင့် (၁၀.၄.၂၀၂၅)ရက်နေ့၊(၁၃:၀၀) နာရီအချိန်တွင်အောင်ပန်းမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီလက်လီအရောင်းဆိုင် လုပ်ငန်းရှင်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ရရှိ သောခွဲတမ်းများအား စာအုပ်စနစ်ဖြင့်ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စု တွင်(၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်း ၊အခြား မသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့်ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင် ထားခြင်း မရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး တစ်နေ့ စာတစ်နေ့ကုန်အောင် ရောင်းချပေးပြီး၊ လက်ကျန်လည်း မထားရှိပါကြောင်း၊ ရက်ကျော်လွန်လျှင်လည်းပြန်လည် ရောင်းချပေးပါကြောင်း သိရှိရပြီး မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်း ရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)