ပြည်ဈေးကွက်၏ပင်နံငရုတ်သီးဈေး

Powered by Drupal

      ပြည်ဈေးကွက်အတွင်းငရုတ်သီးစိမ်းဈေးကွက်၊ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ယခင်ဧပြီလဝက်မှ တစ်ရိပ်ရိပ်မြင့်တက်လျက်ရှိကာ တစ်ပိဿာလျှင် ငရုတ်သီး အမျိုးအစားအလိုက် ဈေးမြင့်တက်လျက်ရှိပြီး ပြည်ဈေးကွက်အတွင်း ရောင်းချသော ငရုတ်သီး အမျိုးအစားများမှာ ပင်နံသီး၊ ကျောက်စိမ်းသီး၊ စပဲသီးစသည့်အမျိုးအစားများဖြစ်ပြီး ပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ဇီးအုပ်၊ နတ္တလင်း၊ ဝက်ထီးကန်၊ အနောက်ဘက်ကမ်းဖြစ်သော ရွှေဘုံသာ၊ ညောင်ပင်သာ၊ မန်ကျည်းစုစသည့် ရွာများဘက်မှ ဝင်ရောက်မှုရှိကြောင်း သိရပါသည်။

     ပင်နံသီးအမျိုးအစားများအနေဖြင့် ရန်ကုန်ဘက်မှပြန်လည် ဝင်ရောက်ရောင်းဝယ်မှုရှိ ကြောင်းသိရပြီး ဈေးနှုန်းများအနေဖြင့် ကျောက်စိမ်းသီးနှင့် စပ်သီးမှာ တစ်ပိဿာလျှင် ကျပ် (၉၀၀၀-၁၀၀၀၀)နှုန်းရှိပြီး ပင်နံသီးမှာ ကျပ်(၁၈၀၀၀-၂၀၀၀၀)နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)