ပြည်မြို့ရှိ ကြက်ဟင်းခါးသီးဈေးကွက်

Powered by Drupal

    ကြက်ဟင်းခါးပင်သည် ခါးသက်သော အသီးများသီးသည့် အပင်မျိုးဖြစ်ပါသည်။ ကြက်ဟင်းခါးသီးကို သေချာမျိုးခွဲထားခြင်းမရှိပါ၊ အသီး၏အရွယ်ကိုလိုက်ပြီး အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုး ဟူ၍သာခေါ်ပါသည်။ အလုံးမျိုးများမှာ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်ပြီး အခါးလေး သောအရသာရှိသောကြောင့် အချို့သောတောင်သူများ အထူးကြိုက်နှစ်သက်ကြပါသည်။ ကြက်ဟင်းခါးသီးပင်ကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိပြီး ပြည်မြို့ရှိဈေးကွက်များအတွင်းသို့ လာရောက်ရောင်းချကြပါသည်။

    ပြည်ဈေးကွက်တွင် ကြက်ဟင်းခါးသီးတစ်လုံးကို (၂၅၀-၃၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ငွေကုန်ကြေးကျသက်သာစေပြီး တောင်သူများအကျိုးစီးပွားဖြစ်စေသည့် အပင်မျိုးလည်း ဖြစ်ပါသည်။

DOCA(ပဲခူး)