ဖျာပုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

     ဖျာပုံခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ(၁၂) ရက်နေ့ ၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

     ထိုအစီစဉ်တွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃) (၁၄) ၊ ပုဒ်မ (၂၆ ၊ ၂၇)မှ ပြဌာန်းထားရှိသော  ဝန်ဆောင်မှုများနှင့် ပက်သက်၍ အာမခံထားရှိမှု အခြေအနေ၊ စားသုံးသူကို ကြိုတင်အသိပေးခြင်း၊ ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်း      နှင့်အညီ ပြည့်ဝစွာပေးခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိခြင်း၊ အာမခံပေးထားမှုအပေါ် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းစသည့် အချက်များနှင့် ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျှော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် စားသုံးသူ၏ နစ်နာမူအတွက်  ကုစားပေးရန် စသည့်အချက်များ ထည့်သွင်းပြောကြားခဲ့မှု အပေါ် သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)