စွန့်ပစ်ပစ္စည်းစပါးခွံမှလောင်စာထောင့်ထုတ်လုပ်ဖြန့်ဖြူးမှုရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့၊သာစည်ကျေးရွာရှိ “ကောင်းခေတ်သစ်”ဆန်စက်တွင်စွန့်ပစ်ပစ္စည်း စပါးခွံမှလောင်စာတောင့် ထုတ်လုပ်၍ မြောင်းတကာအထည်ချုပ် စက်ရုံသို့ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်းသိရပါသည်။

      စပါးခွံလောင်စာတောင့်ကို ကုန်ကြမ်းအနေဖြင့် တစ်နေ့ကိုဖွဲခွံအိတ်၄၅၀အိတ်ပါကား၂စီး၃စီး လျှင်လောင်စာတောင့် ၅၀ကီလိုအိတ် ၁၀၀/၁၅၀ခန့် ထုတ်လုပ်နိုင်ပြီး မီတာချိန်များလျှင် ပိုမိုထုတ် လုပ်နိုင်ကြောင်း၊ဈေးနှုန်းအနေဖြင့် (၁)ကီလိုလျှင် ၂၇၀ကျပ်၊(၅၀)ကီလိုအိတ် (၁)အိတ်လျှင် ၁၃၅၀၀ ကျပ်၊စက်ရုံအရောက်ဈေးဖြင့် ပိုဆောင်ပေးရပါကြောင်း စက်ရုံလုပ်သားဦးရေ (၆)ယောက်ဖြင့် လည်ပတ်လျက်ရှိပြီး တစ်ဦးလျှင် တစ်လ၁၅၀၀၀၀/၂၀၀၀၀၀ခန့်အထိရရှိသည်။ဈေးကွက်အနေဖြင့် စပါးခွံလောင်စာတောင့်အား ဒေသအတွင်းအသုံးပြုမှုမရှိဘဲ စက်မှုလုပ်ငန်းသုံး စက်ရုံများသာသုံးစွဲ သဖြင့် ယခုအချိန်အထိ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)