ဗာဒံစေ့(သို့မဟုတ်)ဗန်ဒါစေ့ စျေးနှုန်းဈေးကွက်

Powered by Drupal

       မြန်မာနိုင်ငံတွင် ဗာဒံပင်များ အလေ့ကျအများအပြားပေါက်ရောက်လျက်ရှိကြပါသည်။ ဗာဒံပင်ကို အရိပ်ရပင်မျိူးအဖြစ် အိမ်မှာစိုက်ပျိုးကြတာများပြီး ဗာဒံပင်၏အသီးထဲမှအဆန်ကို လူတိုင်းစားသုံးရကောင်းမှန်းမသိကြပါ။ ထို့ကြောင့် သိသူဖော်စား မသိသူ ကျော်သွား ဆိုသလို မသိသူများမရှိအောင် ကျန်းမာရေးအတွက် အရေးပါတာများသိရှိအောင် ရေးသားလိုက်ရပါသည်။

    ဗာဒံစေ့ကို ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံ‌တော်မြောက်စောင်းတန်းလမ်းနှင့် စစ်ကဲလမ်း ထောင့်တွင် ဗာဒံသီးများကိုအခြောက်ခံထု၍အဆန်ကိုရောင်းချတာတွေ့ရပါသည်။ ဗာဒံသီးအဆန် များကို နို့ဆီဗူးတစ်ဗူးလျှင် (၂၀၀၀)ကျပ်ဖြင့် ‌ရောင်းချသလို (၁၀၀၀)ကျပ်၊ (၅၀၀)ကျပ်ဖိုး အထိရောင်းချကြပါသည်။ ဒေသတွင်းစားသူများကလည်းဝယ်ယူစားသုံးကြသလို နယ်ဘက်မှ လာသောသူများကလည်း ဝယ်ယူသွားကြသည့်အတွက် နေ့စဉ်နေ့တိုင်းဗာဒံစေ့များ အ‌ရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။ ‌ဗာဒံဆီ ကိုဆံပင်ကျွတ်သူများအနေဖြင့်လည်းလိမ်းနိုင်ပါသည်။

     ဗာဒံစေ့ ဝယ်/ရောင်းဒိုင်များကို ရန်ကုန်၊ ပြည်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား မြို့များတွင်ဖွင့်လှစ်ထားကြောင်းသိရပါသည်။ ဈေးနှုန်းများမှာ ဗာဒံစေ့(အဆန်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ဖြင့်ရောင်းချပြီး တစ်ပိဿာလျှင် ဗာဒံစေ့ (အဆန်) (၃)ထောင် နီးပါး ပါဝင်သည်ဟုသိရပါသည်။ လက်ကားဝယ်ယူ သူများအတွက်ပိဿာချိန် (၃၀)အထက် တစ်ပိဿာ လျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အချိန်(၅၀)အထက်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ရောင်းချကြောင်းသိရပါ သည်။

DOCA(ပဲခူး)