“နနွင်းဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်း နနွင်းစိုက်ဧက(၁၉၁၅)ဧက စိုက်ပျိုးလျက်ရှိရာ နနွင်းများကို ဖေဖော်ဝါရီလတွင်တူးဖော်ပြီး ယခုအချိန်တွင် ဈေးနှုန်းများကောင်းမွန်လျက်ရှိပါသည်။ယခင်နှစ် နနွင်းအစို တစ်တင်းလျှင်(၁၄၀၀၀၀/-)ကျပ်၊ နနွင်းအခြောက် (၁)ပိဿာလျှင်(၉၅၀၀/-)ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ် နနွင်းတက်ဈေးအနေဖြင့် အစိုတစ်တင်းလျှင်(၁၅၀၀၀၀/-)ကျပ်၊နနွင်းတက် အခြောက်(၁)ပိဿာလျှင်(၁၁၀၀၀/-)ကျပ်ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။နနွင်းမှုန့်ပြုလုပ် ပါကနနွင်းတက်အခြောက်(၁)ပိဿာလျှင် နို့ဆီဗူး(၁၀)ဗူးခန့်ထွက်ရှိကြောင်း၊ (၁)ဗူးလျှင်(၁၅၀၀/-) ကျပ်ဖြင့်ရောင်းချရကြောင်း ၊ အချို့တောင်သူများမှာ နနွင်းတက်အခြောက်များကို လှောင်ထားပြီး ဈေးကောင်းရရှိမှသာပွဲစားများထံသို့ထုတ်ရောင်းကြကြောင်း၊ နနွင်းများကို ပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့ကြီများသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ကျန်းမာရေးဗဟုသုတအနေဖြင့် နနွင်းမှုန့်နှင့်ပျားရည်ကိုရောစပ်၍ နေ့စဉ်သောက်သုံးပါက ခန္ဓာကိုယ်အတွင်း ဘက်တီးရီးယားပိုး များဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေကြောင်း ၊ ကျန်းမာရေးစာစောင်များမှတဆင့် သိရှိရသည်။

DOCA(မန္တလေး)