
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသထွက် ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲဆီ သန့် ထုတ်လုပ်ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ ရောင်းဝယ် ဖောက် ကားလျက်ရှိရာ ယခုအချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီ လိုအပ်ချက် များ မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ် ခြင်းမှ ထွက်ရှိသော မြေပဲဖတ်များလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခုမေလ(တတိယပတ်)တွင် ဆုံခွေပဲဖတ်နှင့် စက်ပဲဖတ်များ ဈေးနှုန်းပြန်လည် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် (ဆုံ)ပဲဖတ်တစ်ပိဿာ လျှင် ကျပ်(၄၉၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ပြီး ယခင်မေလ(ဒုတိယပတ်)တွင် (ဆုံ)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၂၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာ လျှင် ကျပ်(၄၅၀၀)ဈေးဖြစ်၍ ယခင်ယခုဈေးနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသထွက် (ဆုံ)ပဲဖတ်များကို ဒေသတွင်းစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင် (စက်)ပဲဖတ်များ ကို တိရိစ္ဆာန်အစားအစာအဖြစ် မွေးမြူရေးလုပ်ငန်းရှင်များမှ ဝယ်ယူခြင်းနှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များမှလည်း ဝယ်ယူကြောင်း သိရသည်။
ပြည်တွင်းမွေးမြူရေးအစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုး မြှင့်ထုတ်ကုန်နှမ်းဖတ်ချဉ်အဖြစ်ပြုလုပ်၍ ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူဈေးကွက် ကောင်းမွန်ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းငါးမွေးမြူ ရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများမှလည်း တိရိစ္ဆာန်အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေး တောင်သူများမှလည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ်ယူမှု များလျက်ရှိခြင်းနှင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည် ထုတ်လုပ်ရန်အတွက် ဆုံပဲဖတ်ခွေများကို ပြန်လည်ဝယ်ယူမှုများ၍ ပခုက္ကူဒေသထွက် ပဲဖတ်များ အရောင်းအဝယ်သွက်ကြောင်း ဈေးကွက်မှသိရှိရသည်။
DOCA(မကွေး)