“သုံးခွမြို့နယ်ဈေးကွက်တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်အသား၊ငါးဈေးနှုန်းများ”

Powered by Drupal

   မေလ တတိယအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော အသား၊ ငါးဈေးနှုန်းများ အနေဖြင့် ဗမာကြက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ CPကြက် တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၃၀၀၀၀-၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၁၁၀၀၀-၁၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    အသား၊ငါး ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း သိသာစွာပြောင်းလဲမှု မရှိကြောင်း၊ အသားများမှာ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းအား ရောင်းချခြင်းဖြစ်ပြီး ငါးမြစ် ချင်းမှာ ရွှေပိတောက်ဈေးမှ ဝယ်ယူရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)