ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကင်းမုံသီး

Powered by Drupal

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုးပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ်တင်ပြီး စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီ(၄)ဘူးလျှင် (၁၀၀၀)ကျပ်၊ ကင်းမုံသီးနို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် ကင်းမုံသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)