ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော နှင်းဆီပန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။

          နှင်းဆီပန်းသည် ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။ အခြားပန်းများနှင့်မတူ ရာသီအရွေးထွက်ရှိသော ပန်းတစ်မျိုးဖြစ်သည့်အတွက် နေရာအနှံအပြားတွင် အရောင်အဆင်း အစုံလင်စိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ နှင်းဆီပန်းသည် ဘုရားပန်းကပ်လှူပူဇော်ယုံ သာမက နေအိမ်၊ ဈေးဆိုင်များတွင် အလှပန်းအိုးထိုးခြင်း၊ တရားဓမ္မသဘင်ပွဲများတွင် အလှပန်းထိုးခြင်းများ၊ အမေများနေ့ ချစ်သူများနေ့ နေ့ထူးနေ့မြတ်များတွင် လက်ဆောင်ပန်းစည်းများပြုလုပ်ခြင်းများ စသည်တို့အသုံးပြုကြပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ မေလ(တတိယပတ်)တွင် နှင်းဆီပန်း ဈေးနှုန်းဖြင့် နှင်းဆီပန်းအပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်)တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး) တစ်ပွင့်လျှင်(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)