နနွင်းတက်၊ နနွင်းမှုန့်ဈေးနှုန်းဈေးကွက်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့်လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

   နနွင်းသီးနှံပင်များကို  တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြသလို နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင် သီးညှပ်စိုက်ပျိုးကြသည်ကိုလည်း တွေ့ရှိရပါသည်။ နနွင်းသီးနှံသည် ဈေးကွက်ဝင်သီးနှံတစ်မျိုး ဖြစ်သည့်အလျှောက် နနွင်းတက်များ အပေါ်မီ နနွင်းဖူးများကိုလည်း မိသားစုအပိုဝင်ငွေ ရရှိပါသည်။

   ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်းအနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ နနွင်းတက်(၅)ကျပ်သားလျှင်(၈၅၀၀)ကျပ် နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နနွင်းမှုန့်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)