
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှမှာယူ ရောင်းချရကြောင်း သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းရှိ ရွှေဖရုံ သီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး အကြီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ ရွှေဖရုံသီး အလတ် တစ်လုံး လျှင်(၃၀၀၀) ကျပ်၊ ရွှေဖရုံသီး အသေး တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)