
SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် အားထုတ်မှုများကြောင့် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့သည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းသစ် ၃၀၀၀၀ နှင့် ၂၀၃၀ ခုနှစ်တွင် လုပ်ငန်း ၂၀၀၀၀၀ ထိတိုးချဲ့နိုင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ကုန်တွင် မြို့တော်၌ မှတ်ပုံတင်ထားသည့်လုပ်ငန်းအရေအတွက်မှာ ၄၀၀၀၀၀ ကျော်ထိ ရောက် ရှိခဲ့ပြီး ၂၂၀၀၀၀ မှာလည်ပတ်လျှက်ရှိကြောင်း သိရပါသည်။ ထိုလည်ပတ်နေသည့်လုပ်ငန်းများ ၏ ၉၈ ရာခိုင်နှုန်းမှာ SME လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် ၅၅.၁ ရာခိုင်နှုန်းကို ဖန်တီးပေးထားကာ မြို့တော် GDP ၏ ၄၀ ရာခိုင်နှုန်းကျော်ပါဝင်နေကြောင်း သိရပါသည်။ သို့သော် ထိုကဏ္ဍသည် ပိတ်သိမ်းခြင်းနှင့် ယာယီရပ်တန့်သည့်လုပ်ငန်း အရေအတွက် မြင့်တက် လာခြင်းနှင့် အသစ်မှတ်ပုံ တင်သည့်လုပ်ငန်းအရေအတွက်လျှော့ကျလာသောကြောင့် များစွာ သောအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။ SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရန် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ကိုအကောင်အထည်ဖော်ရန်အတွက် မြို့တော်သည် စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များကို ဆက်လက်ပြန်လည်စိစစ်ခြင်းနှင့် လွယ်ကူ ချောမွေ့ စေရေးဆောင်ရွက်လျှက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် စီမံခန့်ခွဲရေးလုပ်ငန်းစဉ် အတွက် ကြာချိန်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျှော့ချရန် ရည်ရွယ်ထား ကြောင်း သိရပါသည်။ မြို့တော်သည် ဝန်ကြီးဌာနများနှင့် ဝန်ကြီးဌာနအဆင့်အေဂျင်စီများအား စီမံခန့်ခွဲမှုကြာချိန်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းထိ လျှော့ချရန်နှင့် pre-inspection မှ post-inspection သို့စီမံခန့်ခွဲမှု အသွင်ကူးပြောင်းရန် အဆိုပြုသွားမည်ဟု သိရပါသည်။ အစီအစဉ်အောက်တွင် ဟနွိုင်းသည် ယခုနှစ်တွင် စုစုပေါင်းအရေအတွက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဆန်းသစ်ပြောင်းလဲသွားရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့ပြင် အစီ အစဉ်သည် ၂၀၂၅ ခုနှစ်တွင်အလုပ်အကိုင် ၁၆၇၀၀၀ ခုဖန်တီးပေးရန်နှင့် မြို့ပြဧရိယာများတွင် အလုပ်လက်မဲ့နှုန်းကို ၃ ရာခိုင်နှုန်း အောက်လျှော့ချရန်လည်း ရည်ရွယ်ကြောင်း သိရပါသည်။ လေ့ကျင့်ထားသော လုပ်သားဦးရေနှုန်း ကို ၇၅ ရာခိုင်နှုန်းထိ ရောက်ရှိရန်နှင့် ဘွဲ့နှင့် အသိအမှတ်ပြုလက်မှတ်ရရှိသည့် လုပ်သား နှုန်းကို ၅၅ ရာခိုင်နှုန်းထိ ရောက်ရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။
DOCA (ရန်ကုန်)