ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျားရာသီစာ ကုက္ကိုရွက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ကုက္ကိုရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

ကုက္ကိုပင်သည် အရိပ်ရရုံသာမက အရွက်သည်လည်း လူသားများအတွက် များစွာအသုံးဝင်ပါ သည်။  ၂၀၂၅ ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့်  ကုက္ကို ရွက်(၁)စည်းလျှင် ၃၀၀ကျပ်၊ (၂)စည်းလျှင်၅၀၀ကျပ်၊ ကုက္ကိုရွက်ပြုတ်ဈေးနှုန်းမှာ (၅)လုံးလျှင် (၁၀၀၀)ကျပ်၊ (၁)လုံးလျှင်(၂၅၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကုက္ကိုရွက်များကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း ပေါ်ဦးပေါ်ဖျားဖြစ် သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရ သည်။

DOCA(စစ်ကိုင်း)