ကန့်ဘလူမြို့နယ်တွင် မိသားစုဝင်ငွေရရှိနေသည့် ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်နေပြည်သူများ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း၊ နေအိမ်ခြံဝင်းအတွင်း မြေကွက်လပ်များတွင် ဂန္ဓမာပန်းများအပြင် အခြားသီးပင်စားပင် များကိုလည်း စိုက်ပျိုးထားကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ ဒေါ်မိုးမိုးထံမှ သိရသည်။

ဂန္ဓမာပန်းများကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် စံပယ်ဖြူနှင့် ရွှေဝါဝင်းမျိုးများ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်အကြာတွင် ဈေးကွက်သို့ စတင်ရောင်းချရ ကြောင်း၊ မေလ ပထမပတ်အတွင်း ပန်းပွင့်ကြီးလျှင် အခက်ကြီး(၂)ခက်ကို ၈၀၀ကျပ်၊ ပန်းပွင့် သေးလျှင်(၃)ခက်ပါ(၁)စည်းကို ၁၀၀၀ကျပ်ဖြင့် နေ့စဉ်ကန့်ဘလူမြို့မဈေးသို့ သွားရောက်ရောင်းချ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)