လွတ်လပ်သောကုန်သွယ်ရေးဇုန် စီမံခန့်ခွဲမည့် ဗီယက်နမ်နိုင်ငံ Da Nang ပြည်နယ်၏ HPIZA

Powered by Drupal

          ၂၀၂၄ ခုနှစ် ဇွန်လတွင် အမျိုးသားညီလာခံက စီမံကိန်းခွင့်ပြုခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ Da Nang ပြည်နယ်၏ နည်းပညာမြင့်ဇုန်နှင့်စက်မှုဇုန်များအာဏာပိုင်အဖွဲ့  (HPIZA) သည် အဆိုပြု ထားသည့် လွတ်လပ်သောကုန်သွယ်ရေးဇုန် (FTZ) အတွက် စီမံခန့်ခွဲသည့်ကဏ္ဍ တာဝန်ယူရမည် ဖြစ်ပြီး ယခုနှစ်တွင်တွင် တည်ဆောက်မှုစတင်မည်ဟု သိရပါသည်။ မြို့တော်၏ ပြည်သူ့ကော်မတီ ကဧပြီလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် ထိုဆုံးဖြတ်ချက်သည် FTZ စီမံကိန်း တည်ထောင်ရာတွင် ပြင်ဆင်မှုလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ အရှိန်မြှင့်တင် ရာတွင် HPIZA အား ကူညီပေးနိုင်မည်ဟု သိရပါသည်။ HPIZA သည်လည်း Da Nang အထူး စီးပွားရေးဇုန်များ အာဏာပိုင်အဖွဲ့ဟု အမည်သစ်ရရှိခဲ့ပြီး နည်းပညာမြင့်ဇုန်၊ စက်မှုဇုန် ၆ ခု၊ သတင်းအချက်အလက်နည်းပညာဇုန် ၄ ခုနှင့် အခြား AI၊ ဆီမီးကွန်ဒတ်တာနှင့် ဒစ်ဂျစ်တယ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံခန့်ခွဲရမည်ဟု သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိသည့် Da Nang FTZ သည် အကျယ်အဝန်း ၂၃၀၀ ဟတ်တာရှိပြီး ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာ၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုတို့ဆောင်ရွက်မည်ဟု သိရပါသည်။ 2030-2050 Master Plan အောက်တွင် နိုင်ငံတကာဘဏ္ဍာရေးစင်တာတည်ထောင်ရန်အစီအစဉ်နှင့်အတူ FTZ ကို တည်ဆောက်မည် ဖြစ်သကဲ့သို့ Lien Chieu ပင်လယ်နက်ဆိပ်ကမ်းတည်ထောင်ခြင်းနှင့် Da Nang နိုင်ငံတကာ လေဆိပ်တွင် ကာဂိုဝန်ဆောင်မှု တိုးချဲ့ခြင်းတို့ပါဆောင်ရွက်သွားမည်ဟု သိရပါသည်။ ထို့ပြင် Da Nang သည် အကောက်ခွန်လွတ်ဇုန်တည်ထောင်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ အဆိုပြု ထားသည့် ထိုဇုန်တွင် ကုန်သွယ်ရေးရုံး၊ အကောက်ခွန်လွတ်ဆိုင်များ၊ ထောက်ပံ့ပို့ဆောင်ရာ အခြေစိုက်၊ သိုလှောင်ရုံများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ R&D စင်တာ၊ နိုင်ငံတကာပညာရေး စင်တာ၊ ကျန်းမာရေးကျောင်းနှင့် ပြပွဲခန်းမတို့ပါဝင်မည်ဟု သိရပါသည်။ Da Nang သည် ဆီမီးကွန် ဒတ်တာနှင့် နည်းပညာမြင့်လုပ်ငန်းများအတွက် နိုင်ငံတကာစင်တာအဖြစ် အဆင့်မြှင့်တင်လျှက်ရှိပြီး Intel၊ Marvell Technology Inc. နှင့် Synopsys ကဲ့သို့သော လုပ်ငန်းများထံမှ ရေရှည်ရင်းနှီးမြှုပ်နှံမှု အာမခံချက်များကို တောင်းဆိုလျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်၏ စက်မှုဇုန်များ၊ နည်းပညာမြင့်ဇုန်နှင့် IT ဇုန်တို့သည် စုစုပေါင်းရင်းနှီးမြှုပ်နှံတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံတန်ဖိုးရှိသော စီမံကိန်း ၁၀၀၀ ကျော်ကိုဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။

Reference; Vietnam Plus

DOCA(ရန်ကုန်)