ဩစတြေးလျ ဝိုင်တင်ပို့မှု ပြန်လည်ကောင်းမွန်လာစေရန် တရုတ်တွန်းအားပေး

Powered by Drupal

                သြစတြေးလျဝိုင်တင်ပို့မှုသည် ဩစတြေးလျ ဝိုင်ပုလင်းများအပေါ် စည်းကြပ်ခွန်များ ဖယ်ရှားပြီး နောက် တရုတ်နိုင်ငံမှ ဝယ်လိုအားတိုးမြင့်လာမှုကြောင့် ၁၂ လအတွင်း ဝယ်လိုအားအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လအတွင်း ရောင်းအား ပြန်လည်စံချိန်တင်ခဲ့သည်။ အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော ဝိုင်သြစတြေးလျ၏ နောက်ဆုံးပို့ကုန် အစီရင်ခံစာအရ သြစတြေးလျဝိုင်တင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ သြစတြေးလျဒေါ်လာ ၂.၆၄ ဘီလီယံအထိ ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပမာဏမှာ လီတာ ၆၄၇ သန်းအထိ ၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အထူးသဖြင့် သြစတြေးလျဒေါ်လာ ၁.၀၃ ဘီလီယံတန်ဖိုးရှိ တရုတ်ပြည်မကြီးသို့ လီတာ ၉၆ သန်း တင်ပို့မှု မြင့်တက်ခဲ့ပြီး သြစတြေးလျ၏ စုစုပေါင်း ဝိုင်တင်ပို့မှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပြီး ယခုကဲ့သို့ သိသိသာသာ တိုးမြင့်လာခြင်းသည် ၂၀၂၄ ခုနှစ် မတ်လကုန်တွင် အကောက်ခွန်မဲ့ ကုန်သွယ်မှုများ ရပ်တန့်သွားခြင်းကြောင့်ဖြစ်သည်။ ပရီမီယံဩစတေးလျဝိုင်များ အတွက် တရုတ်စားသုံးသူ များ၏ ပြင်းပြသောနှစ်ခြိုက်မှုမှာ ပြန်လည်ထူထောင်ရေးတွင် အဓိက အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပျမ်းမျှပို့ကုန်တန်ဖိုးမှာ တစ်လီတာလျှင် သြစတြေးလျဒေါ်လာ ၁၀.၆၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး သြစတြေးလျနိုင်ငံ၏ ထိပ်တန်းပို့ကုန်များထဲမှ အမြင့်ဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထုပ်ပိုးထားသော ဝိုင်များ အထူးသဖြင့် တန်ဖိုးကြီး ဖန်ပုလင်း ထုတ်ကုန်များသည် တရုတ်နိုင်ငံသို့ တင်ပို့မှုစုစုပေါင်းတန်ဖိုး၏ ၉၃ ရာခိုင်နှုန်းရှိကြောင်း Wine Australia ၏ အဆိုအရ သိရသည်။ တရုတ်ဈေးကွက်တွင် အထင်ကြီးလောက်စရာ ပြန်လည်ကောင်းမွန်လာသော်လည်း သြစတြေးလျနိုင်ငံမှ အခြားနိုင်ငံများသို့ ဝိုင်တင်ပို့မှုမှာ ကျဆင်းသွားကြောင်း ၎င်းကဆိုသည်။ တရုတ်နိုင်ငံပြင်ပပို့ကုန်တန်ဖိုးမှာ ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စီးပွားရေး မသေချာမရေရာမှု၊ လူနေမှုစရိတ် ဖိအားများနှင့် အရက်သောက်သုံးမှု နည်းပါးခြင်းအတွက် စားသုံးသူ နှစ်သက်မှုများ တိုးမြင့်လာမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထင်ဟပ်စေသည်ဟု အစီရင်ခံစာက ဆိုသည်။ တရုတ်နိုင်ငံသည် ပရီမီယံဝိုင်တင်ပို့မှုအတွက် အရေးပါသောတိုးတက်မှုစျေးကွက်အဖြစ် ပြန်လည်ပေါ်ထွက်လာကြောင်း Wine Australia မှ အလေးပေးပြောကြားခဲ့ပြီး  ကမ္ဘာ့ဈေးကွက်တွင် စဉ်ဆက်မပြတ်တိုးတက်ပြီး ဝိုင်ဈေးကွက် တည်ငြိမ်စေရန်အတွက်လည်း ကူညီပေးခဲ့သည်။

sources-xinhua

DOCA (မန္တလေး)