မအူပင်ဒေသထွက် တစ်ပိုင်တနိုင် ဆူးပုတ်ရွက် ဈေးကောင်း

Powered by Drupal

    ဧပြီနှင့် မေလကဲ့သို့ ပူပြင်းသော နွေရာသီတွင် တစ်ပိုင်တနိုင် စိုက်ပျိုးထားသော ခြံစီးရိုးနားတွင် ခြံခတ်သလို စိုက်ပျိုးထားသော ဆူးပူတ်ရွက်အပင်များ ကို ရေသွင်းစိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးကြောင်း မအူပင်မြို့ အခွန်လွတ်ဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချသူထံမှ သိရသည်။  မအူပင်မြို့ ရွှေတောင်ပေါ် ရေလဲ ကျေးရွာများတွင် ကျေးရွာနေ ပြည်သူများက ခြံစီးရိုးများတွင် ဆူးပုတ်ပင်ကို အများအပြားစိုက်ပျိုးထားကြကြောင်း သိရသည်။ ရေလဲ ကျေးရွာတွင် ဆူးပုတ်ပင်အရေအတွက် စုစုပေါင်း ၃၀၀ခန့် ရှိပြီး တစ်ပိုင်တစ်နိုင်ဝင်ငွေ ရရှိ၍ မအူပင်မြို့ အခွန်လွတ်ဈေးတွင် ဒေသထွက် ဆူးပုတ်ကို ရောင်းချကြောင်း သိရသည်။

    ဆူးပုတ်ဝယ်ယူရောင်းချမှုအနေဖြင့်  တစ်ရက်လျှင် (၅)ပင် တစ်စည်းပါအစည်းရေ (၁၅၀-၂၀၀)ခန့် ထွက်ရှိနေသည်။ ဆူးပုတ် ထွက်ရှိမှု ယခုချိန်နည်းသော်လည်း အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း (၅)ပင်ပါတစ်စည်းလျှင် (၃၀၀)ကျပ် နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိသည်။  ယခင်တစ်စည်းလျှင် (၁၀၀)ကျပ်နှုန်းသာရှိခဲ့၍ ယခုကာလတွင် ဈေးမြင့်ကာ အရောင်းအဝယ်သွက်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)