ကျွန်းလှမြို့နယ်ရှိ ဒန့်သလွန်သီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ဒန့်ဒလွန်သီးများကို ကျွန်းလှမြို့ပေါ် ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

   ဒန့်ဒလွန်သီးပေါ်ချိန်တွင် ဒန့်သလွန်သီးနှင့်သီးစုံပဲကုလားဟင်းချက်ခြင်း၊ ဒန့်ဒလွန်သီး၊ ဆူး ပုတ်ရွက်၊ ပိန္နဲသီးတို့နှင့် သီးနှံအစုံချက်ချက်ခြင်း နှင့် ဒန့်သလွန်သီးကို ချဉ်ရည်ထဲတွင်ထည့်ချက်ခြင်း ဖြင့် ကျန်းမာရေးအကျိုးအာနိသင်များနှင့်အဟာရဓါတ်များစွာပါဝင်ပြီး စားသုံးသင့်ပြီး လူကြိုက်များ သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ဒန့်သလွန်သီး ဈေးနှုန်းမှာ ဒန့်သလွန်သီး(၅)တောင့်ပါတစ်စီးလျှင် (၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ်တို့ ဖြင့်ရောင်းချ လျက်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)