၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃.၁၆ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

     

          ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်၏ကုန်သွယ်ရေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၂.၅၂ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းရုံး (NSO) ကထုတ်ပြန်ခဲ့ပါသည်။ ထို ကာလအတွင်း နိုင်ငံ၏ တင်ပို့မှုမှာ ၁၀.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃.၁၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ မတ်လတစ်လတည်းတွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၅.၃၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လထက် ၁၆.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ယခုနှစ်ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၀၂.၈၄ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍမှတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉.၀၂ ဘီလီယံ တန်ဖိုးရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၃.၈၂ ဘီလီယံ တန်ဖိုးရှိခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း ပို့ကုန်အမျိုးအစား ၁၈ ခုတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ခဲ့ပြီး ထို ၁၈ မျိုးထဲမှ ၅ မျိုးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် အမေရိကန် ဒေါ်လာ ၉၉.၆၈ ဘီလီယံတန်ဖိုးရှိသောကုန်ပစ္စည်းများကို ထို ၃ လတာကာလအတွင်း တင်သွင်းခဲ့ ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍက အမေရိကန်ဒေါ်လာ ၃၆.၇၈ ဘီလီယံတန်ဖိုး တင်သွင်း ခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍက အမေရိကန်ဒေါ်လာ ၆၂.၉ ဘီလီယံတန်ဖိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ တင်သွင်းသည့် အမျိုးအစား ၁၇ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ခဲ့ပြီး ထို ၁၇ ခုထဲမှ ၂ ခုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည်  အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလီယံဖြင့် ဗီယက်နမ်၏အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး တရုတ်သည် အမေရိကန်ဒေါ်လာ ၃၈.၁ ဘီလီယံဖြင့် အကြီးမားဆုံးတင်သွင်းရာဈေးကွက်ဖြစ် ကြောင်း သိရပါသည်။ ထို ၃ လတာကာလတွင် ဗီယက်နမ်သည် အမေရိကန်ထံမှ ကုန်သွယ်ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၂၇.၃ ဘီလီယံ၊ ဥရောပသမဂ္ဂထံမှ ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၉.၉ ဘီလီယံနှင့် ဂျပန်ထံမှကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရရှိခဲ့ ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)