သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်းကျောက်မျက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိရန်ပစ်မှတ်ထားဆောင်ရွက်လျက်ရှိ

Powered by Drupal

    သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်ကျောက်မျက်ရတနာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် စီစဉ်နေကြောင်း သီရိလင်္ကာအမျိုးသားကျောက်မျက်နှင့် လက်ဝတ်ရတနာ အဏာပိုင် အဖွဲ့မှ ဧပြီလ ၄ ရက်နေ့က ပြောကြားခဲ့သည်။ အမျိုးသားကျောက်မျက်နှင့် လက်ဝတ်ရတနာအဖွဲ့ ဥက္ကဌ Naveen Sooriyarachchi က လက်ရှိတွင် ကျောက်မျက်ရတနာများ၏ ၉၀ ရာခိုင်နှုန်းအား အလွတ်သဘောလမ်းကြောင်းများမှ တစ်ဆင့်တင်ပို့လျက်ရှိပြီး တင်ပို့မှုကို ပိုမိုကောင်းမွန်အောင် ထိန်းညှိနိုင်ရန်အစိုးရက အဆိုပါလုပ်ငန်းကို တရားဝင်ဖြစ်အောင်လုပ်ဆောင်နေကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံသည် ၎င်း၏ကျောက်မျက်နှင့်လက်ဝတ်ရတနာ ကုန်သွယ်မှု ကဏ္ဍမှ ဒေါ်လာ သန်း ၄၀၀ ခန့်နှစ်စဉ် ထုတ်ပေးလျက်ရှိပြီး ထိုအထဲမှ ကျောက်မျက်ရတနာတင်ပို့မှုသည် ဒေါ်လာသန်း ၃၆၀ ခန့်ရရှိနေကြောင်း Naveen Sooriyarachchi က ပြောကြားခဲ့သည်။ လက်ဝတ်ရတနာများအား စည်းမျဥ်းစည်းကမ်းဖြင့်ရောင်းဝယ်မှုအပါအဝင် အဆိုပါကဏ္ဍသည် နိုင်ငံခြားဝင်ငွေအရ နိုင်ငံ၏ ဒုတိယ သို့မဟုတ် တတိယအကြီးဆုံး ကုန်သွယ်မှုကဏ္ဍဖြစ်လာရန် အလားအလာရှိကြောင်း Sooriyarachchi က ပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)