အီသီယိုးပီးယားနိုင်ငံသည် ၈ လအတွင်း ပန်းမန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၀ သန်းကျော် ရရှိခဲ့

Powered by Drupal

     အီသီယိုးပီးယားနိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်၏ ပထမ ရှစ်လတာကာလအတွင်း စိုက်ပျိုးရေး သုံးကုန်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော် ရရှိခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။ အီသီယိုးပီးယား စိုက်ပျိုးရေးဝန်ကြီး Girma Amente သည် နိုင်ငံ၏မြို့တော် Addis Ababa တွင် အင်္ဂါနေ့က ကျင်းပသည့် နိုင်ငံတကာ ပန်းမန်နှင့်ပန်းမန်ကုန် စည်ပြပွဲဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှ စတင်ခဲ့ သော လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၄/၂၀၂၅ ၏ ပထမရှစ်လတာကာလအတွင်း အရှေ့အာဖရိကနိုင်ငံ သည် စိုက်ပျိုးထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ဒေါ်လာ ၃၆၆ သန်းခန့် ထုတ်ပေးခဲ့ကြောင်း နိုင်ငံပိုင်အီသီယိုးပီးယား သတင်းအေဂျင်စီ (ENA)က ဖော်ပြခဲ့သည်။ အီသီယိုးပီးယားအစိုးရသည် ၀င်ငွေများတိုးမြင့်လာ စေရန်နှင့် လူငယ်များအတွက် အလုပ်အကိုင်များဖန်တီးပေးရန်အတွက် ပန်း တင်ပို့မှုကဏ္ဍ၏ “ကြီးမားသောအလားအလာ” ကို ကြိုးကြိုးစားစားလုပ်ဆောင်နေကြောင်း အီသီယိုး ပီးယား စိုက်ပျိုး‌ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ကုန်သွယ်ရေးနှင့် ဒေသဆိုင်ရာ ပေါင်းစည်း ရေးဝန်ကြီးဌာန၏ မကြာသေးမီက အချက်အလက်များအရ နယ်သာလန်၊ ဆော်ဒီအာရေး ဗီးယားနှင့် ဗြိတိန်တို့သည် အီသီယိုးပီးယား၏ ပန်းတင်ပို့မှုအတွက် ထိပ်တန်းနေရာ (၃) ခုကို ကိုယ်စားပြုပြီး ဟင်းသီးဟင်းရွက် တင်ပို့သည့် ထိပ်တန်းနေရာ (၃) ခုမှာ ဆိုမာလီယာ၊ ဂျီဘူတီနှင့်နယ်သာလန်တို့ ဖြစ်သည်။အီသီယိုးပီးယားသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမခုနစ် လအတွင်း ကုန်စည်တင်ပို့မှုမှ ဒေါ်လာ ၃.၈၄ ဘီလီယံကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။ ရွှေ၊ ကော်ဖီ၊ ဆီထွက်သီးနှံ၊ လျှပ်စစ်နှင့် တိရစ္ဆာန်များ ကဲ့သို့သော အဓိကပို့ကုန် ကုန်စည်များသည် ၎င်းတို့၏ ဝင်ငွေမျှော်မှန်းချက်ထက် ကျော်လွန် နေကြောင်းလည်းသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)