ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်တွင်းပြည်ပဈေးကွက်ဝင် ငါးရှဉ့်ဈေးကွက်

Powered by Drupal

     ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-မြို့နယ်တာဝန်ခံ ဦးတင်စိန်၊ တိုင်းဒေသကြီးဦးစီးမှူးရုံး သတင်းဌာနခွဲမှ ဦးမင်းမင်းဦးတို့သည် ဧပြီလ ၁ ရက်နေ့ တွင် ကျိုက်လတ်မြို့ပေါ်ရှိ ပြည်တွင်းပြည်ပ ဈေးကွက် ဈေးကွက်ဝယ်လိုအားရှိသော “ရတနာမိုး” ငါးရှဉ့် အဝယ်ဒိုင်သို့ သွားရောက်ခဲ့ပါသည်။

    ငါးရှဉ့်တွင် ပရိုတင်းဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပါဝင်၍ သွေးအားကောင်းစေပြီး ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာ တစ်ခုအဖြစ် ပြည်ပနိုင်ငံများတွင် စားသုံးမှုရှိကြောင်း ၊ ပြည်တွင်းတွင် ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း သိရသည်။ ငါးရှဉ့်မှာ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သော်လည်း ယခုလို နွေရာသီတွင် ငါးရှဉ့် အဝင်နည်း၍ မိုးတွင်းမှာ ငါးရှဉ့်သားပေါက်ရာသီဖြစ်ပြီး ငါးရှဉ့်အဝင်ပို၍ များကြောင်း၊ မိုးတွင်းငါးရှဉ့် လှိုင်လှိုင်ပေါ်ချိန် (၁) ပိဿာကို ကျပ် ၈၀၀၀/ ၁၀၀၀၀ အတွင်းရှိပြီး ယခုလိုနွေရာသီတွင် ငါးရှဉ့် (၁) ပိဿာကို  ကျပ် ၂၅၀၀၀ နှုန်းဖြင့် ဈေးနှုန်း ပိုမိုရရှိကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ငါးရှဉ့်များ ဖမ်းဆီး၍ မြို့ပေါ်အဝယ်ဒိုင်များသို့ လာရောက်ရောင်းချလျက်ရှိရာ ယခုလို နွေရာသီတွင် တစ်နေ့လျှင် ၄ / ၅ ပိဿာခန့် ဝယ်ယူရရှိပြီး မိုးတွင်းကာလများတွင် တစ်နေ့ ပိဿာချိန် ၄၀ / ၅၀ အထိ ဝယ်ယူရရှိကြောင်း ၊ ကျိုက်လတ်မြို့နယ်အတွင်းတွင် ငါးရှဉ့်အဝယ်ဒိုင် ၁၀ ဒိုင်ခန့်ရှိ၍  ဝယ်ယူထားသော ငါးရှဉ့်များကို ရေနှစ်ထပ် ၊ သုံးထပ် လဲလှယ်ပြီး ဖော့ပုံး၊ ပလတ်စတစ်ပုံးများတွင် ငါးရှဉ့် ၁၅ ပိဿာထည့်သွင်းပြီး ရန်ကုန်မြို့ရှိ လှိုင်သာယာ၊အင်းစိန်၊ ကြို့ကုန်း ငါးရှဉ့်အဝယ်ဒိုင်များသို့ တင်ပို့လျှက်ရှိပါသည်။ ရန်ကုန်မှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့ပြီး ပြည်ပဝင်ငွေ ရှာဖွေပေးလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(ဧရာဝတီ)