ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်းမြို့နယ်တွင် Talk Show ပြုလုပ်၍ အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များ ဟောပြောဆောင်ရွက်လျက်ရှိ ရာ သာပေါင်းမြို့နယ်၊ ဒေါ်တင်တင်နိုင်(ဒု-ဦးစီးမှူး)သည် (၂၆.၃.၂၀၂၅)ရက်နေ့တွင် အွန်လိုင်း မှတဆင့် ဈေးရောင်းခြင်းများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတဆင့် ရောင်းချသူများအနေဖြင့် လိုက်နာရမည့် အချက်များ၊ ဝယ်ယူသူများအနေဖြင့် သိသင့်သိထိုက်သော အချက်များကို ရှင်းလင်းဆွေးနွေးပြီး အွန်လိုင်းမှတဆင့် လိမ်လည်ခြင်းများ မဖြစ်ပွားရအောင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)