
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းကို (၂၄.၃.၂၀၂၅) နံနက်ပိုင်းက ဘီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ပညာ့အားမာန်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးတင်မွန်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲပြုလုပ်ရာ သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၂)ဦးက စာသင်ခန်း (၆)ခန်းရှိ သင်တန်းသား၊ သင်သင်တန်းသူ(၁၉၀)ဦးတို့အား အလယ်တန်းအဆင့်ဘာသာရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများနှင့်ပြန်လည်ဆွေးနွေးခြင်း များဆောင်ရွက်ခဲ့သည်။
အဆိုပါ အလယ်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ထိ လေးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)