
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက် ဈေးဆိုင်များအား မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီအဖွဲ့၊ မြို့နယ်စည်ပင်၊တို့နှင့်ပူပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ် ၊စက်တင်ဘာပထမပတ်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နတ်တလင်းမြို့ပေါ်ရှိ ကျောင်းမုန့် ဈေးတန်းနှင့် ရပ်ကွက်ဈေးဆိုင်များတွင် ရောင်းချနေသော လုပ်ငန်းရှင်များအား ကျောင်းအနီး တဝိုက်တွင် ကျောင်းသား/သူ လူငယ်များ (အသက် ၁၈ နှစ်အောက်)ကို ဆေးလိပ်၊ ကွမ်းယာ ရောင်းချမှုမရှိစေရေးဆောင်ရွက်ရန် ဌာနဆိုင်ရာအကြီးအကဲများမှ လမ်းညွှန်မှုအရ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း၊ တရားမဝင်ဆေးလိပ် များရောင်းချမှုမရှိစေရေး၊ တရားမဝင်အချိုရေများ၊မုန့်များလည်းရောင်းချမှုမရှိစေရေး၊စားသုံးသူရေးရာဦးစီးဌာန၏စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း များကိုရောင်းချစေရန် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
