နတ်တလင်းမြို့နယ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများသည် (၉.၉.၂၀၂၆)ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့ပေါ်များရှိ ဆေးနှင့်ဆေး ပစ္စည်းဆိုင် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နတ်တလင်းမြို့ပေါ်ဈေးကွက်အတွင်း၌ ဆေးဝါး ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ် အသားများနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များပါဝင်မှု ရှိ/မရှိ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မရှိစေရေးတို့အား  ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်ရှိအချိန် ဆေးဝါးပြတ်လပ်မှုများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု များမရှိပဲ သင့်တင့်သောဈေးနှုန်းများဖြင့်သာ ရောင်းချမှုရှိပြီး ဈေးနှုန်းများတည်ငြိမ်နေကြောင်း တွေ့ရှိရပါသည်။ စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဆေးဝါးပြတ်လပ် မှုမဖြစ်ပေါ်စေရေ၊ ထိခိုင်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

DOCA(ပဲခူး)