
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ၂၆.၃.၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အ.ထ.က (ဘီးလင်း) ကျောင်းသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန် ကျေပွန်ခဲ့သည်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ ၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ “ချစ်ညီစစ်သည် သို့” ကဗျာ၊ ကာတွန်းစသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
DOCA(မွန်)