၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကန်စွန်းဥဈေးနှုန်း

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မဈေးတွင်  ရာသီပေါ်သီးနံဖြစ်သည့်  ကန်စွန်းဥများကို ရောင်းချလျက် ရှိပါသည်။ ကန်စွန်းဥများကို အခြားမြို့များမှ  သယ်ယူရောင်းချသည့်အပြင် ကန့်ဘလူမြို့နယ်အ တွင်းရှိ  ကာဘိုးကျေးရွာ၊ ဇီးကုန်းကျေးရွာများမှ စိုက်ပျိုးကြပြီး  ကန့်ဘလူမြို့ပေါ်သို့ လာရောက်  ရောင်းချလျက်ရှိကြောင်း၊ ကန်စွန်းဥသည် အတွင်းသားအဖြူရောင်၊ ရွှေဝါရောင်နှင့် ခရမ်းရောင် စသည်ဖြင့်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရောင်းချလျက်ရှိသော ကန်စွန်းဥဈေးနှုန်းများမှာ ကန်စွန်းဥ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကန်စွန်းဥ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချ ကြောင်း၊ ကန်စွန်းဥသည်  ချိုချိုစိမ့်စိမ့်အရသာရှိသဖြင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)