စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌  ဆန်၊ ပဲ၊ ပြောင်း၊ ပွဲရုံလုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ မိမိဌာန၏ ယခုလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကုန်စည်/ ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆန်၊ ပဲ၊ ပြောင်း၊ ပွဲရုံ လုပ်ငန်းရှင်များ၏ သိလိုသည်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)