အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဧပြီလ (ပထမပတ်)အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ ဖြစ်ပေါ်နေသော ဈေးနှုန်း များနှင့် အရောင်းအဝယ်အခြေအနေများမှာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀ -၃၈၀၀၀၀)ဖြင့် အိတ်(၅၅၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၃၀)ကို လည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၀)ကို လည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၆၀)ကိုလည်းကောင်း နှမ်းသီးနှံဈေးနှုန်းများ ပြောင်းလဲခြင်းမရှိပဲ ပုံမှန်အရောင်းအဝယ်သာ ဖြစ်လျက်ရှိပြီး ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၈၀၀၀-၈၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၆၀၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ (မြကြေး) (၁)တင်းလျှင် ကျပ်(၈၄၅၀၀-၈၇၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၀၀)အိတ်ကိုလည်း ကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀-၉၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၂၀)အိတ်ကို လည်းကောင်း၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၁၉၅၀၀-၁၂၃၄၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၄၀)အိတ်ကိုလည်း ကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၆၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၀)အိတ်ကိုလည်း ကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၈၀၀၀-၉၆၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၃၈၀)အိတ်ကိုလည်း ကောင်း၊ မြေပဲလုံးဆံ (ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၃၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၄၈၀)အိတ် ကိုလည်းကောင်း၊ မြေပဲ လုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၇၂၀၀-၇၉၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ် (၃၀၀)အိတ်ကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၂၉၀၀-၃၀၀)ဈေးနှုန်းဖြင့် ပိဿာ(၁၀၀၀) အသီးသီးအရောင်း အဝယ်ရှိခဲ့ ပါသည်။

   မတ်ပဲဈေးနှုန်းမှာ မတ်လ(စတုတ္ထပတ်)တွင် ရှိခဲ့သည့်ဈေးထက် ဧပြီလ(ပထမပတ်)တွင် အနည်းငယ်ဈေးမြင့်တက်ခဲ့သဖြင့် အရောင်းအဝယ်မှာ ပိုမိုမြင့်တက်ခဲ့ပြီး အခြားပဲမျိုးစုံသီးနှံဈေးနှုန်းမှာ ကွာခြားခြင်းမရှိသည့်အတွက် ပုံမှန်အရောင်းအဝယ်သာ ဖြစ်လျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခုအချိန်တွင် ဝယ်/သို ကုန်သည်များမှ ရောင်းချသည့်အချိန်အခါဖြစ်သည့်အတွက် ယခုတစ်ပတ်အတွင်း အနည်းငယ် ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)