မြေပဲစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

Powered by Drupal

   မြင်းခြံခရိုင်သည် စိုက်ပျိုးရေးအနေဖြင့် မြေပဲကိုအဓိထား စိုက်ပျိုးကြပါသည်။ မြေပဲတွင် ပင်တောင်နှင့်ပင်ပြန့်(၂)မျိုးရှိပါသည်။ပင်တောင်မြေပဲမျိုးသည်စိုက်ပျိုး ရက်ပေါင်း(၁၁၀)မှ (၁၃၀) အတွင်း ခူးဆွတ်ရိတ်သိမ်းရပြီးပင်ပြန့်မျိုးသည်ရက်ပေါင်း(၁၃၀)မှ (၁၅၀) အထိ သက်တမ်းရှိပါ သည်။မြင်းခြံခရိုင်၏ ၂၀၂၂-၂၀၂၃ခုနှစ်ယခင်နှစ်မြေပဲစိုက်ဧကမှာ (၂၂၆၇၃)ဧကရှိပြီး၊ရိတ်သိမ်းဧက မှာ(၂၂၆၇၃)ဧက၊ အထွက်နှုန်းမှာ(၄၇.၁၄) တင်းနှုန်းဖြင့်တင်းပေါင်း (၁၀၆၈၈ဝ၅) တင်းထွက်ရှိခဲ့ပါ သည်။ ၂၀၂၃-၂၀၂၄ယခုနှစ်တွင်မိုးမြေပဲကို(၂၃၄၂၃)ဧက စိုက်ပျိုးခဲ့ပြီး၊ယနေအထိ ရိတ်သိမ်းဧကမှာ (၂၃၄၂၃)ဧက၊အထွက်နှုန်းမှာ(၄၇.၁၄)တင်းနှုန်းဖြင့် တင်းပေါင်း(၁၁၀၄၁၅၉) တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းများအရသိရပါသည်။ ယခင်နှစ်စိုက်ဧကထက်ပိုမိုစိုက်ပျိုး နိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့်လည်း ပိုမိုထွက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ် ခရိုင်အတွင်းရှိမြို့နယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများမှာမြင်းခြံမြို့နယ်တွင်စိုက်ဧက(၂၃၄၂၃)၊ ရိတ်ဧက(၂၃၄၂၃)ဧက၊ အထွက်နှုန်း (၄၇.၁၄)တင်း၊ အထွက်တင်းပေါင်း (၁၁၀၄၁၅၉)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက (၁၀၆၂၅ဝ)ဧက ၊ရိတ်ဧက(၁၀၆၂၅၀)ဧက ၊အထွက်နှုန်း (၄၃.၅၆)တင်းနှင့် အထွက် တင်းပေါင်း(၄၆၂၈၂၅၀)တင်း၊ နွားထိုးကြီးမြို့ နယ်တွင်စိုက်ဧက(၄၀၄၆၂)ဧက၊ ရိတ်သိမ်းဧက (၄၀၄၆၂)ဧက၊ အထွက်နှုန်း(၄၃.၁၀)တင်း၊ အထွက်တင်းပေါင်း (၁၇၄၃၈၇ဝ)တင်း ထွက်ရှိ ခဲ့ပါသည်။ မြေပဲကို စားသုံးဆီအဖြစ် အသုံးပြုသည် သာမကမြေပဲကြော် မြေပဲဆားလှော်နှင့် မုန့်ပဲသွားရေစာ အဖြစ်လည်းကောင်း၊ အခြားမုန့်အမျိုးမျိုးတွင်ရောစပ်၍လည်းကောင်း၊ ဟင်းချက် စရာ အဖြစ် လည်းကောင်း  အသုံးပြုကြပါသည်။ ထို့အပြင် ဆီထုတ်ယူပြီး မြေပဲကြိတ်ဖတ်ကို တိရိစ္ဆာန်အစာ အဖြစ်မွေးမြူရေးလုပ်ငန်းများတွင် အရေးပါသည့် ကုန်ကြမ်းအနေဖြင့် အသုံးပြုကြပါသည်။ ယခင်လ မြေပဲဆံဈေးအနေဖြင့် ဆီဆီတစ်ပိဿာလျှင်(၆၇၀၀)ကျပ်၊ လုံးဆီတစ်ပိဿာလျှင် (၈၀၀၀)ကျပ် ဖြစ်ပေါ်ခဲ့ပြီး၊ ယခုလအတွင်း ဆီဆံ(၆၅၀၀)ကျပ်၊ လုံးဆံ (၇၂၀၀)ကျပ်နှင့် မြေပဲဆီ သန့်တစ်ပိဿာလျှင် (၁၃ဝဝဝ)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(မန္တလေး)