ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ် အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခဲ့သည့် အခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

      မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခဲ့သည့် အခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနားကို (၅-၄-၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့၊ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

      အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဆန်စက်အသင်းဥက္ကဋ္ဌက မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်နှင့် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုအခြေအနေတို့ကိုရှင်းလင်းခြင်း၊ National Enlightenment Inxtitute (NEI)မှ Executive Director က မွန်ပြည်နယ်၏ ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်နှင့် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းစဉ်အား ပံ့ပိုးကူညီရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ NEI မှ စီမံကိန်းတာဝန်ခံက မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်ပါအကြောင်းအရာများကိုရှင်းလင်းခြင်းနှင့် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူရရှိမှုအခြေအနေတို့ကိုရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)