မိတ္ထီလာခရိုင်အတွင်း ဆေးဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်စာရင်းကောက်ယူခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ (၁)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် (မိတ္ထီလာ/ရမည်းသင်း) ခရိုင်၊ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများ၊ Covid ကာကွယ်ရေးသုံးဆေးပစ္စည်းများ၊ ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်မှုမရှိစေရေးရည်ရွယ်၍ စစ်ဆေးမှုများ၊ ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ပါသည်။ ဈေးကွက်အတွင်း၌ ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)