မင်းဘူးမြို့မဈေးအတွင်းရှိ စားသောက်ကုန်များအား နမူနာကောက်ယူစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မင်းဘူးမြို့မ‌ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်များမှာ စားသုံးရန်သင့်/မသင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရှိ စားသောက်ကုန်များဖြစ်သည့် မုန့်ဖတ်၊ နနွင်းမှုန့်၊ အရောင်တင်၊ အမဲသွေး၊ ဆိတ်သွေး၊ ပုစွန်ခြောက်၊ ပဲပြား၊ ပိတ်ဆွယ်၊ ခံတက်ချဉ်၊ လက်ဖက်၊ ငရုတ်သီးမှုန့်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ငါးပိထောင်း၊ အသားတု၊ ခေါက်ဆွဲခြောက်၊ ဘူးချဉ်၊ ပိန္နဲသီး၊ ချင်းပေါက်တို့ကို နမူနာဝယ်၍စစ်ဆေးခြင်း၊ မုန့်ဖတ် (၄)ဆိုင်၊ အရောင်တင် (၂)ဆိုင်၊ ကြက်အူချောင်း(၂)ဆိုင်နှင့် ဝတ်အူချောင်း(၂)ဆိုင်တို့မှ အမျိုးအမည်ပေါင်း (၂၆)မျိုးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ချင်းပေါက်တစ်မျိုးကိုသာ ချွတ်ဆေးနှင့် တာရှည်ခံဆေးများသုံးစွဲထားသဖြင့် စားသုံးရန်မသင့်ကြောင်းသိရှိရပါသည်။ ထို့နောက် မူရင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ဦးစိုး၊ စက်ဝိုင်းရပ်၊ အမှတ်(၃)ရပ်ကွက်နေအိမ်သို့ ပေါက်ပြီးသောချင်း၊ ပထမရေစိမ်သောချင်း၊ ဒုတိယရေစိမ်သောချင်းနှင့် ဈေးကွက်အတွင်းသို့ တင်ပို့ရန်ချင်းတို့အား နမူနာကောက်ယူ၍စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းသို့ ပို့မည့်နမူနာတွင် ချွတ်ဆေးနှင့်တာရှည်ခံဆေးများ သုံးစွဲထားသည်ကိုတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီး နောက်နောင် ဤကဲ့သို့ မသုံးစွဲပါဟု ခံဝန်ကတိရေးထိုးစေခြင်းနှင့် ဈေးကွက်အတွင်း ထပ်မံတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)