မုဒုံမြို့နယ်တာဝန်ခံသည် ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် (၂-၄-၂၀၂၄) ရက်နေ့တွင် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ “ဟင်္သာမင်းအမှတ်တံဆိပ် ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် မုဒုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ကုန်ထုတ်လုပ်မှုအခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ၎င်းတို့အနေဖြင့် ကြက်ဥခေါက်ဆွဲ (၁၅) ကျပ်သားအထုပ်များ၊ ဂျုံခေါက်ဆွဲ (၁၀) ကျပ်သားအထုပ်များကို ထုတ်လုပ်လျက်ရှိကြောင်း၊ တစ်နေ့လျှင် အထုပ်ရေ (၂၀၀) ခန့်ထုတ်လုပ်ကြောင်း၊ ကြက်ဥခေါက်ဆွဲ (၁၅) ကျပ်သားတစ်ထုပ်လျှင် (၁၅၀၀) ကျပ်၊ ဂျုံခေါက်ဆွဲ (၁၀) ကျပ်သားတစ်ထုပ်လျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် မုဒုံ၊ မော်လမြိုင်၊ သထုံမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား (၅) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်းဆွေးနွေးခဲ့သည်။

       ဆက်လက်၍ မုဒုံမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာ အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)