“ တွံတေးမြို့နယ်တွင် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတးမြို့နယ်တွင် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးပြီးစီးမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် တွံတေး-ဒလကားလမ်းမကြီး၏ ဘေးဝဲယာနှင့် လှိုင်သာယာ-တွံတေး ကားလမ်းမကြီး ဘေးဝဲယာရှိကျေးရွာများမှ နွေစပါးစိုက်ပျိုးလျက်ရှိသော  တောင်သူများစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် နွေစပါးစိုက်ပျိုးရာကျေးရွာအုပ်စု၊ တိုက်နယ်များဖြစ်သော ခတ္တိယ၊ တက်သစ်၊ ခလောက်ချိုက်၊ တမံကြီး၊ သဝန်းတော၊ မြို့မ၊ ပြသတိုက်၊ ဘုရားကြီး၊ ရန်ကုန်ပေါက် စသည့်ကျေးရွာများတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော လယ်ယာမြေများ၊ မိရိုးဖလာမျိုးစပါးကြဲပက်စိုက်ပျိုးခြင်း၊ ရိုးရိုးမျိုးထောင်စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွံတေးမြို့နယ်၏ ဆောင်းသီးနှံ နွေစပါးစိုက်ဧကစုစုပေါင်း(၄၀၂၆၅)ဧကဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိခဲ့ရပြီး ယခုလာမည့် မတ်လ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)