ဖိလစ်ပိုင်၏ ဆန်သိုလှောင်မှုပမာဏ ၁၇ လအတွင်း အနိမ့်ဆုံးရောက်ရှိ

Powered by Drupal

      ၂၀၂၄ ခုနှစ် အစပိုင်းတွင် ပြည်ပမှဆန်တင်သွင်းမှုမှာ စံချိန်တင်မြင့်မားမှုရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ပမာဏသည် ဖေဖော်ဝါရီလ၌ တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံး အဆင့်သို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) မှ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ရှိ ဆန်လက်ကျန် စုစုပေါင်း သည် မက်ထရစ်တန်ချိန် ၁.၅၁ သန်း ရှိပြီး ယခင်နှစ်ကာလတူ၌ မှတ်တမ်းတင်ထားသည့် ဆန် တန်ချိန် ၁.၅၂ သန်းအောက် အနည်းငယ် လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

       ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံ၏ ဆန်သိုလှောင်မှု ပမာဏသည် မက်ထရစ်တန်ချိန် ၁.၄၅ သန်းသို့ ကျဆင်းခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလရှိ ဆန်သိုလှောင်မှုပမာဏသည် ၁၇ လ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊  လအလိုက်နှိုင်းယှဉ်ပါက ဆန်လက်ကျန် ပမာဏသည် ဇန်နဝါရီ လ၌ တန်ချိန်၂.၀၃ သန်းရှိရာမှ ၂၅.၅% လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ မှတ်တမ်းတင်ထားရှိသော ဆန်လက်ကျန်ပမာဏ၏ ထက်ဝက်ကျော်သည် ကုန်သွယ်ရောင်းဝယ်မှုကဏ္ဍ၌ သိုလှောင်ထား ခြင်းဖြစ်ပြီး ၄၅.၃% သည် အိမ်ထောင်စုများ လက်ဝယ်၌ သိုလှောင်မှုဖြစ်ကြောင်း PSA က ပြော ကြားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ရှိ စာရင်းအရ အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) ၏ လက်ဝယ်၌ ဆန်သိုလှောင်ထားရှိမှုမှာ တစ်နိုင်ငံလုံး စုစုပေါင်းပမာဏ၏ ၃.၁% သာ ရှိသည်။

     ကုန်သွယ်ရောင်းဝယ်သူများ လက်ဝယ်ရှိ ဆန်လက်ကျန်မှာ ယခင်နှစ်ကာလတူ၌ တန်ချိန် ၅၄၁၂၁၀ ရှိရာမှ ယခုနှစ်တွင် ၄၄% ခန့် တိုးတက်လျက် ၇၇၈၈၉၀ တန်သို့ ရောက်ရှိခဲ့သည်။ သို့ သော် အိမ်ထောင်စုများ လက်ဝယ်ရှိ  ဆန်လက်ကျန်သည် ယမန်နှစ်တွင် တန်ချိန် ၈၇၇၀၃၀ ရှိရာမှ ယခုနှစ်၌ တန်ချိန် ၆၈၅၂၀၀ သို့ လျော့ကျခဲ့ရာ ၂၁.၉% ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ သဘာဝ ဘေးအန္တရာယ်အတွက် အသုံးပြုရန် သိုလှောင်ထားရှိသည့် NFA ၏ ဆန်လက်ကျန်မှာ  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၌ ၁၀၄၇၉၀ တန်ရှိရာမှ ယခုနှစ် ကာလတူတွင် တန်ချိန် ၄၆၈၉၀ တန်သို့ ထက်ဝက် ကျော်ကျဆင်းခဲ့သည်။

       ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၏ ဆန်လက်ကျန် ပမာဏနှင့် နှိုင်းယှဉ်ပါက အိမ်ထောင်စုများ၏ လက်ဝယ်၌ ၃၁.၅% ၊ ကုန်သွယ်ရောင်းဝယ်သူများထံတွင် ၂၀.၄% နှင့် NFA သိုလှောင်မှု၌ ၃.၇% အသီးသီး ကျဆင်းခဲ့ကြောင်း PSA က ဖော်ပြထားပါသည်။ ယခုနှစ် ဇန်နဝါရီလတွင် ဆန်တင်သွင်းမှုသည် မက်ထရစ်တန်ချိန် ၂၅၂၄၇၄.၆၆၄ တန်ရှိပြီး ၂၀၂၃ ခုနှစ် ကာလတူ၌ တင်သွင်းခဲ့သော တန်ချိန် ၄၂၇၉၈၅.၈ အပေါ် ၇၀% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Zawya.Com, 18 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)