ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်မှာ ယခု၂၀၂၄ခုနှစ်တွင် အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ခန့်မှန်းကြ

Powered by Drupal

     ဗီယက်နမ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတိုးတက်လာပြီး အစိမ်းရောင်စွမ်းအင်သို့ အားကောင်းစွာကူးပြောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လျှပ်စစ်ကားများအတွက် မှတ်ပုံတင်သွင်းကြေးများကင်းလွတ်ခွင့်နှင့် သုံးစွဲသူများအတွက် အခွန်အခများလျှော့ချပေးခြင်း စသည့် အစိုးရ၏ ဦးစားပေးပံ့ပိုးပေးထားသည့် မူဝါဒများမှာ လျှပ်စစ်ကားများသုံးစွဲမှုကိုအားပေးမည့် အဓိက ကဏ္ဍတွင်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားအရေအတွက်မှာ ၂၀၁၉ခုနှစ်တွင် ၁၃၈စီးရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် အစီးရေ ၂၈၀၀၀ကျော်ထိရှိလာကြောင်းသိရပါသည်။ ပြည်တွင်းလျှပ်စစ်ကားဈေးကွက်အတွက် ခန့်မှန်းမှုမှာ ၂၀၂၄ခုနှစ်တွင် အားတက်ဖွယ်မြင့်တက်လာပါသည်။ ပြည်တွင်းနှင့် ပြည်ပမှ မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ ပါဝင်ယှဉ်ပြိုင်မှုများကြောင့် ပြည်တွင်းဈေးကွက်မှာ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ Vinfast ကုမ္ပဏီမှာ အခြားမော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများနည်းတူ လျှပ်စစ်ကားများနှင့် အစိမ်းရောင်စွမ်းအင်သုံး မော်တော်ယာဉ်ကဏ္ဍသို့ တဖြည်းဖြည်းကူးပြောင်းလျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံအစိုးရကလည်း လျှပ်စစ်ကားများသုံးစွဲ ခြင်းကြောင့် လေထုအရည်အသွေးနှင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအားပေးကြောင်း ထုတ်ပြန်ကြေညာလျက်ရှိပါသည်။ သို့သော် အစိမ်းရောင်စွမ်းအင်ကူးပြောင်းခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းများ၏ ရှင်းလင်းသေချာစွာမသိခြင်း၊ အားသွင်းမည့် အခြေခံအဆောက်အအုံမပြည့်စုံခြင်း၊ သုံးစွဲသူများအတွက် စက်ပြင်သမားများလုံလောက်စွာမရှိခြင်း စသည့် စိန်ခေါ်မှုများလည်းရှိနေကြောင်းသိရပါသည်။

DOCA(ရန်ကုန်)