ဥရောပကော်မရှင်၌ ပါကစ္စတန်၏ ဘာစမာတီဆန် GI မှတ်ပုံတင်မှုက အိန္ဒိယနှင့် အငြင်းပွားမှု ဖြစ်စေနိုင်

Powered by Drupal

     ဥရောပကော်မရှင်သည် ပါကစ္စတန်နိုင်ငံ၏ ဘာစမာတီဆန်အတွက် Geographical Indication (GI) လျှောက်ထားမှုအား မကြာသေးမီကာလက ခွင့်ပြုခဲ့ခြင်းက အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ဆွေးနွေးလျက်ရှိသော လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ ဆွေး နွေးမှုများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

    ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ ဥရောပကော်မရှင်က ပါကစ္စတန်နိုင်ငံ၏ GI လျှောက် ထားမှုအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့သောစာတမ်းမှာ ကနဦးရှုမြင်သုံးသပ်မှုသာ ဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ နယ်မြေများအား ပါကစ္စတန်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ဖော်ပြခဲ့ခြင်းကြောင့် အိန္ဒိယ၏အချုပ်အခြာအာဏာအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့ကြောင်းနှင့် ဥရောပသမဂ္ဂနှင့်အိန္ဒိယ တို့အကြား လွတ်လပ်သော ကုန်သွယ်မှု ဒေသဆွေးနွေးမှုများအတွက် အခက်အခဲများ သိသာ ထင်ရှားစွာ ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

    ပါကစ္စတန်နိုင်ငံ၏ GI လျှောက်ထားမှုမှာ ထုတ်ကုန်ကို ရှင်းလင်းစွာ ဖော်ပြမှုမရှိခြင်း၊ ဘာစမာတီဆန်ထုတ်လုပ်သည့် ပထဝီနယ်မြေဒေသကို တိကျစွာ အဓိပ္ပါယ်ဖော်ပြထားမှုမရှိခြင်း၊ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် Pusa-1121 ဆန်အမျိုးအစားနှင့် ရောထွေးမှုများဖြစ်လာနိုင်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာအချက်များ၊ သမိုင်းအရင်းအမြစ်နှင့် နာမည်ကျော်စောမှု စသည့် အရေးကိစ္စ များကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း သိရှိရပါသည်။

    GI ကျွမ်းကျင်ပညာရှင်ဖြစ်သူ S Chandrasekaran က ဥရောပကော်မရှင်၏ စာတမ်းတွင် အိန္ဒိယနိုင်ငံအား ဘာစမာတီဆန်အတွက် မှန်ကန်သောအရင်းအမြစ်အဖြစ် အလေးထားဖော်ပြ ထားပြီး ပါကစ္စတန်နိုင်ငံ၏ PK-1121 နှင့် Pusa-1121 တို့အကြား ပဋိပက္ခဖြစ်လာနိုင်မှုကိုလည်း ဖော်ပြထားကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါစာတမ်းတွင် အိန္ဒိယနိုင်ငံ၏အချို့ဒေသများတွင် ဘာစမာတီဆန်ကို စိုက်ပျိုးလျက်ရှိသည်ကို ဖော်ပြထားကြောင်းနှင့် ထိုသို့ဖော်ပြထားခြင်းမှာ အိန္ဒိယနိုင်ငံသည် ၂ဝ၁၈ ခုနှစ်တွင် ဘာစမာတီဆန်အတွက် GI လျှောက်ထားခဲ့၍ ဖြစ်နိုင်ကြောင်း သိရှိရပါသည်။

    ပါကစ္စတန်နိုင်ငံ၏ GI လျှောက်ထားမှုတွင် အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာကို မေးခွန်း ထုတ်ဖွယ်ဖြစ်လာနိုင်သည့် Jammu နှင့် Kashmir ဒေသများဖြစ်သည့် Mirupur ၊ Bhimer ၊ Poonch နှင့် Bagh တို့ ဖော်ပြထားသဖြင့် အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သော ကုန်သွယ်မှုဒေသဆွေးနွေးမှုများတွင် အခက်အခဲအဟန့်အတားများ ဖြစ်စေလာနိုင်ကြောင်း သိရှိရပါသည်။

   အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဘာစမာတီ ဟူသော စကားရပ်၏ အရင်းအမြစ်နှင့် စပ်လျဉ်း ၍ ကွဲပြားသောနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ စကားရပ်တစ်ခု၏ နာမည်ကျော် စောမှုသည် ဘာသာစကားနှင့် ၄င်း၏တည်ရှိမှုတို့နှင့် ဆက်နွယ်လျက်ရှိသည်။ အဆိုပါအချက်များ ၏ ရှုထောင့်မှကြည့်လျှင် ပါကစ္စတန်နိုင်ငံ၏ GI လျှောက်ထားမှုမှာ ကျိုးကြောင်း ခိုင်လုံမှုမရှိကြောင်း ဥရောပကော်မရှင်၏ စာတမ်းတွင် ဖော်ပြထားပါသည်။

    အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ ဘာစမာတီဆန် GI မှတ်ပုံတင်လျှောက်ထားမှုများ အကြား ကွဲပြားခြားနားမှုများအနက် ရာသီဥတုအခြေအနေမှာ သိသာထင်ရှားသောအချက်ဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံသည် နေရောင်ခြည်ဓာတ်ရောင်ခြည်နှင့် နေ့တာရှည်မှုတို့အပေါ် အလေးပေး ဖော်ပြထားပြီး ပါကစ္စတန်နိုင်ငံသည် စက်တင်ဘာလနှောင်းပိုင်း ကာလမှစတင်၍ နောက်ပိုင်း ကာလအထိ အပူချိန်ကျဆင်းမှုနှင့် ပိုမိုကြည်လင်ထင်ရှားသောနေ့များကို အဓိကဖော်ပြထား ကြောင်း သိရှိရပါသည်။ ထိုသို့ အရေးကိစ္စများကြောင့် ပါကစ္စတန်၏ လက်ရှိ ဘာစမာတီဆန်အတွက် GI လျှောက်ထားမှုသည် မွှေးပျံ့သောရနံ့ရှိသည့် Pusa-1509 ဆန်အပေါ်တွင်လည်း အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဥရောပကော်မရှင်၏စာတမ်းတွင် ဖော်ပြထား ပါသည်။

Source: Pakistan Rice, 25 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)