ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်းများကို သက်သာချောင်ချိမှုရှိစွာဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဆေးနှင့်ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနပါဝင်သော မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၂၁-၂-၂၀၂၄) ရက်နေ့တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းလက်ကားအရောင်းဆိုင်များသို့သွားရောက်ကာ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင်ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)