တောင်သူများထံမှ ပဲစင်းငုံအား အိန္ဒိယအစိုးရက ဈေးကွက်ပေါက်ဈေးဖြင့် စတင်ဝယ်ယူ

Powered by Drupal

          အိန္ဒိယနိုင်ငံ၌ အမျိုးသား လယ်ယာထွက်ကုန် သမဝါယမ ဈေးကွက်အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူများ သမဝါယမအသင်းချုပ် (NCCF) တို့သည် တောင်သူများထံမှ ပဲစင်းငုံ များကို အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ထက် ၄၂% ခန့်ပိုမိုမြင့်မားသော ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူခြင်းအား စတင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း Financial Express သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရပါသည်။

          သို့သော် NAFED နှင့် NCCF တို့သည် မဒ္ဒရာပရာဒေ့ရှ်နှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များရှိ တောင်သူများထံမှ ပဲစင်းငုံတန် ၂၀၀၀ ခန့်ကိုသာ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိခဲ့ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုကြသည်။ အစိုးရ၏ ဝယ်ယူရေး ဆောင် ရွက်မှုသည် ရှေ့လာမည့် ပဲစင်းငုံများဈေးကွက်သို့ဝင်ရောက်မှု အမြင့်ဆုံးကာလ၌ ပိုမိုမြင့်တက်လာ မည်ဟု ခန့်မှန်းရသည်။

          အဆိုပါ အစိုးရဝယ်ယူရေးအေဂျင်စီများသည် ဖေဖော်ဝါရီ ၁၅ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ပဲစင်းငုံတန်ချိန် ၄ သိန်းခန့်ကို ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေမှ ကျခံ သုံးစွဲ၍ အရန်ရိက္ခာ ဝယ်ယူရန် ရည်မှန်းထားပြီး တန်ချိန် ၂ သိန်းကျော်အား တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူရန် မှတ်ပုံတင် ထားပြီးဖြစ်သည်။ တောင်သူများထံမှ ပဲစင်းငုံများဝယ်ယူရာတွင် ကုန်လက်ခံရရှိသည့်နေ့မှ ၃ ရက် အတွင်း ၎င်းတို့၏ ဘဏ်ငွေစာရင်းများသို့ ကုန်ဖိုးငွေများကို တိုက်ရိုက်လွှဲပြောင်း ပေးချေမည်ဖြစ် ကြောင်း အစိုးရအရာရှိများက ပြောဆိုသည်။

           ပုံသေမဟုတ်ပဲ ပြောင်းလဲမှုရှိသောဈေးနှုန်းဖြင့် တောင်သူများထံမှ ပဲမျိုးစုံကိုဝယ်ယူမှု သည် အရန်ထားရှိရန်အတွက် ဈေးကွက်ပေါက်ဈေးဖြင့် တောင်သူများထံမှ ကြက်သွန်နီဝယ်ယူရန် အစိုးရက ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်သည့် အစပြု လုပ်ဆောင်ချက်နှင့်အညီ ပေါ်ပေါက် လာခြင်းဖြစ်သည်။ ပြည်တွင်းစားသုံးရန် ပဲစင်းငုံလိုအပ်ချက်ကို လုံလောက်စွာဖြည့်ဆည်းနိုင်မှု မရှိ ခြင်းကြောင့် တောင်သူများအနေဖြင့် အခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ချက်ထက် ပိုမိုမြင့်မား သောဈေးနှုန်းအား ကုန်သည်များထံမှ ရရှိနေချိန်၌ တောင်သူထံမှတိုက်ရိုက်ဝယ်ယူရန် အစိုးရ၏ ဆောင်ရွက်ချက်မှာ ကောင်းစွာ ဆွဲဆောင်နိုင်မှုမရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက Financial Express သတင်းဌာနသို့ ပြောကြားခဲ့ကြသည်။

          အစိုးရအရာရှိများကမူ MSP ဈေးနှုန်းထက် ပိုမိုသောနှုန်းထားဖြင့် ပဲမျိုးစုံကို ဝယ်ယူခြင်းက ပိုမိုတိုးတက်စိုက်ပျိုးရန် တောင်သူများသို့ တွန်းအားပေးမည်ဖြစ်ပြီး သွင်းကုန်အပေါ် အမှီပြုနေရ ခြင်းကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လွန်ခဲ့သော နှစ်ကာလများအတွင်း ပဲစင်းငုံ ဈေးနှုန်းများမှာ မြင့်မားလျက်ရှိခဲ့ရာ NAFED အနေဖြင့် အရန်ရိက္ခာထားရှိရန်အတွက် MSP အခြေခံ ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။

          ပဲစင်းငုံ အဓိကရောင်းဝယ်သည့် အချက်အချာဒေသဖြစ်သော မဟာရဋ္ဌပြည်နယ်၊ Latur ဈေးကွက်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့၌ ပဲစင်းငုံ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) ဈေးနှုန်းမှာ ရူပီး ၁၀၀၀၀ မှ ၁၀၂၀၀ အတွင်းရှိရာ MSP ဈေးနှုန်းဖြစ်သော ၁ ကွင်တယ်လျှင် ရူပီး ၇၀၀၀ နှုန်းထက် များစွာမြင့်မားလျက်ရှိသည်။ စိုက်ပျိုးထွက်ရှိမှုနည်းပါးခြင်းနှင့် ဝယ်လိုအားမြင့်တက်မှုအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ ပဲစင်းငုံလက်လီဈေးနှုန်းများ ဖောင်းပွမှုမှာ ၄၂.၄၃% ရှိပြီး ယခင်နှစ် ကာလတူ ထက် နှစ်ဆပိုမိုမြင့်တက်ခဲ့သည်။

Source: Financial Express, 1 Feb 2024