ရန်ပယ်ဈေး၌ ပလတ်စတစ်လျှော့ချအသုံးပြုရေး အသိပညာပေးအစီအစဉ်ပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ပယ်စျေး၌ (၂.၁၀.၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရန်ပယ်စျေးတာဝန်ခံတို့ ပူးပေါင်း၍  ပလတ်စတစ်လျော့ချအသုံးပြုရေး အသိပညာပေးအစီအစဉ်ကိုပြုလုပ်ခဲ့ပါသည်။

          ထိုသို့ပြုလုပ်ရာတွင် စျေးဝယ်လာသူများအား ပလတ်စတစ်လျှော့ချအသုံးပြုရေး၊ ပလတ်စတစ် အစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ကိုအစားထိုးအသုံးပြုကြရန်နှင့် စွန့်ပစ်ပလတ်စတစ်အသုံးပြု ခြင်းကြောင့် မြေဆီလွှာဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြင်း၊ အဆိပ်ဖြစ်စေသောဒြပ်ပေါင်းများကြောင့် ကျန်းမာ‌ရေး ဆိုးဝါးစွာထိခိုက်နိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်ခြင်း၊ ရေထဲရှိရေနေသတ္တဝါများသေဆုံးကာ ဂေဟ စနစ်ပျက်စီးခြင်း၊ အပင်များပေါက်ရောက်ရှင်သန်မှု ထိခိုက်စေခြင်း၊ သားငှက်တိရစ္ဆာန်များ၊ ကုန်းနေ၊ ရေနေသတ္တဝါများ၏ ရှင်သန်ပေါက်ဖွားမှုထိခိုက်စေနိုင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)