စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုမရှိသောကုန်စည်များအားရောင်းချခြင်းမပြုလုပ်ရန်တားမြစ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ဖျာပုံမြို့နယ်စစ်ဆေးရေးအရာရှိ ဦးမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့လိုက်ပါ၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ(၂၃)ရက်တွင် ဖျာပုံမြို့၊ မြို့ပတ်လမ်း(၁၂)ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် မုန့်မျိုးစုံအရောင်းဆိုင်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၁၅)(ခ)စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       အဆိုပါအရောင်းဆိုင်များအား စစ်ဆေးရာတွင် Energy C-Plus အချိုရည်ဘူးများတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး မြန်မာဘာသာဖြင့် ရေးသားထားသော စာသားများမပါရှိခြင်း၊ နေရပ်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများမပါရှိခြင်းတို့ကြောင့် စာသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)(၄၃)နှင့် ကိုက်ညီမှုမရှိသည့်အတွက် ၎င်းကုန်စည်များအားဆက်လက်ရောင်းချခြင်းမပြုရန်နှင့် အဆိုပါပစ္စည်းများအား ထပ်မံ စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာကော်မတီထံတင်ပြ၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးတားမြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)