မျှင်ငပိဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အစားအသောက်ခွင့်မပြု ဓါတုဆိုးဆေး Rhodamin-B ထည့်သွင်း အသုံးပြုထားသော မျှင်ငပိအရောင်းဆိုင်ပိုင်ရှင်များအား (၂၂.၁၁.၂၀၂၁) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

       မျှင်ငပိရောင်းချသော ဈေးအတွင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မျှင်ငပိဆိုင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် မျှင်ငပိများတွင် Rhodamin-B ဓါတု ဆိုးဆေးပါဝင်သော မျှင်ငပိများအား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခဲ့ပြီး၊ နောက်နောင် အလားတူ အစားအသောက်ခွင့်မပြု Rhodamin-B ဓါတုဆိုးဆေးပါဝင်သော မျှင်ငပိများမရောင်းချရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)