ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ မိုးရွာသွန်းမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့ရာ ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီတွင် စိုက်ပျိုးထုတ်လုပ်မှုမှ ပဲမျိုးစုံထွက်ရှိနိုင်မှုမှာ ယခင်နှစ်အောက် လျော့နည်းကျဆင်းမည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုကြောင်း၊ အထူးသဖြင့် မိုးရာသီ၌ စိုက်ပျိုးမှု အများဆုံးဖြစ်သော ပဲစင်းငုံသည် ယခင်နှစ်တွင် တန်ချိန် ၃.၅၆ သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၃ သန်းမှ ၃.၄ သန်း အတွင်းသာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းလျက်ရှိကြကြောင်း Informist Media သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။<
သကြားမှအီသနောလောင်စာထုတ်လုပ်မှုသို့ ပြောင်းလဲသုံးစွဲမှု နည်းပါးလျက်ရှိပြီး ပြည်တွင်း ၌ သကြားပမာဏ အမြောက်အမြား ပိုလျှံမှုဖြစ်ပေါ်နိုင်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ရှေ့လာမည့် ဈေးကွက်ရာသီကာလတွင် ပြည်ပသို့ သကြားတန်ချိန် ၂ သန်းအထိ နှစ်ဆတိုး၍ တင်ပို့ရဖွယ်ရှိသည် ဟု အိန္ဒိယသကြားလုပ်ငန်းနယ်ပယ်မှ အရာရှိများက နိုဝင်ဘာ ၆ ရက်နေ့၌ ပြောဆိုခဲ့ကြသည်။ သို့ ဖြစ်ရာ ကမ္ဘာ့ ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်သော အိန္ဒိယမှ တင်ပို့မှုမြင့်မားလာခြင်း သည် ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သော နယူးယောက်နှင့်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော The Rice Trader (TRT) ကမ္ဘာ့ဆန်ညီလာခံတွင် ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor သည် ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့သည်။ ယခင် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နှ

ဗီလက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း လက်ဖက်ရည်တန်ချိန် ၁၀၉၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၈.၂ သန်း ရရှိခဲ့ကြောင်း ဒေသခံသတင်းစာ Hanoi Moi က စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ကိုကား၍ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့ပါသ

နိုင်ငံ၏အစားအစာဖူလုံမှုအားကောင်းရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားသည် ၂၀၂၆ ခုနှစ်တွင် သကြားကိုယ်တိုင်ဖူလုံရန် ရည်ရွယ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့ပါ သည်။ Sulaiman က လာမည့်နှစ်တွင် ၎င်

တောင်ကိုရီးယားရှိအင်ဒိုနီးရှားကုန်သွယ်ရေးတာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံ Goyang မြို့တော်အစိုးရသည် အင်ဒိုနီးရှားကော်ဖီအရောင်းမြှင့်တင်ရန်အတွက် MoU လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ Busan မြို့တော်ရှိ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၏ အကြီး

ထိုင်းနိုင်ငံမော်တော်ဆိုင်ကယ်ဈေးကွက်သည် ၂၀၂၅ ခုနှစ်၏ စတုတ္ထ ၃ လပတ်ကာလတွင် ဆက်လက်နှေးကွေးရန်ခန့်မှန်းရကြောင်း Yamaha မော်တော်ဆိုင်ကယ်များကို ဖြန့်ဖြူးသူ ဖြစ်သည့် Thai Yamaha Motor က ပြောကြားခဲ့ပါသည်။ Thai Yamaha Motor ၏ စီးပွားရေး အကြီးအကဲ Panupol Kittikamron က

ဘရာဇီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Bui Van Nghi က ဗီယက်နမ်သည်တိရိစ္ဆာန် အစာထုတ်လုပ်ခြင်း၊ အဝတ်အထည်နှင့် သတ္ထုဗေဒတို့ကို ပံ့ပိုးပေးရန် ပဲပိစပ်၊ ပြောင်း၊ ချည်မျှင်နှင့် သတ္ထုရိုင်းတို့အတွက် အားကောင်းသောဝယ်လိုအားရှိကြောင်း ဘရာဇီးနိုင်ငံ ပဲပိစပ်ထုတ်လုပ်သူ များအသင်းဥက္ကဌဖြစ်သူ Mauricio Bu

ဗီယက်နမ်၏ ဘရာဇီးသို့ တီလားပီးယားငါး ပထမဆုံးတင်ပို့မှုသည် သိသာထင်ရှား သောကုန်သွယ်မှုသာမက စီးပွားရေးပူးပေါင်းမြှင့်တင်ရန် နှစ်နိုင်ငံစလုံး၏ အားထုတ်မှု၏ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် ကြီး ဖြစ်သူ Bui Van Nghi က ၂၄ တန

မလေးရှားနိုင်ငံ၏ စားအုန်းဆီသိုလှောင်မှုများသည် အောက်တိုဘာလအကုန်တွင် ၆ နှစ်ခွဲ ကာလအတွင်းအမြင့်ဆုံးအထိရောက်ရှိခဲ့ပြီး ယခင်လများထက် ၄.၄ ရာခိုင်နှုန်း၊ တန်ချိန် ၂.၄၆ သန်းခန့် မြင့်တက်ခဲ့ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော လုပ်ငန်းကြီးကြပ် သူများ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။

ထိုင်းနိုင်ငံတင်ပို့မှုကဏ္ဍသည် လွတ်လပ်သောသဘောတူညီချက် (FTAs) ကို အသုံးချခြင်း အကျိုးဆက်ကြောင့် ယခုနှစ် ၈ လအတွင်းတွင်မြင့်တက်မှုများရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT)၏ ထုတ်ပြန်ချက်အ

တရုတ်နိုင်ငံသည် နှစ်မျိုးသုံးပစ္စည်းများနှင့်ဆက်စပ်နေသော ဂယ်လီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းများ အမေရိကန်နိုင်ငံသို့တင်ပို့မှုအား ရပ်ဆိုင်းလိုက်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့ တွင်ထုထ်ပြန်သော တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရပါသည်။

