မလေးရှားနိုင်ငံ၏ စီးပွားရေး ဒုတိယသုံးလပတ်တွင် ၅.၈ ရာခိုင်နှုန်း တိုးတက်လာ

Powered by Drupal

         မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် GDP ကြိုတင်ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်တွင် ၅.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ခန့်မှန်းရပြီး ကဏ္ဍတော်တော်များများ၌ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်မှုများကြောင့် ယခင်သုံးလပတ်၏ ၅.၄ ရာခိုင်နှုန်းမှ ပိုမိုမြန်ဆန်လာခဲ့ခြင်းဖြစ်သည်။

      စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ ကျန်အဓိကစီးပွားရေးကဏ္ဍ အများစုတွင် တိုးတက်မှုများရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

           ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်တွင် စီးပွားရေးသည် ၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင်နှစ် ကာလတူ ၄.၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားလာခဲ့သည်။ ဝန်ဆောင်မှုကဏ္ဍသည် လက်ကားနှင့် လက်လီရောင်းဝယ်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးလုပ်ငန်းများ၏ အားဖြည့်မှုကြောင့် ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စီးပွားရေးတိုးတက်မှု၏ အဓိက မောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေသည်။

           ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှုသည် ပထမသုံးလပတ်၏ ၅.၉ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်း သို့ မြန်ဆန်လာခဲ့ပြီး ပို့ကုန်အခြေပြု စက်မှုလုပ်ငန်းများ အထူးသဖြင့် လျှပ်စစ်၊ အီလက်ထရွန်နစ်နှင့် အလင်းဆိုင်ရာပစ္စည်းများ၊ စက်သုံးဆီ၊ ဓာတုဗေဒ၊ ရာဘာနှင့် ပလတ်စတစ်ထုတ်ကုန်များက အထောက်အကူပြုခဲ့သည်။

        သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးကဏ္ဍသည် ယခင်သုံးလပတ်တွင် ၂.၁ ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း ယခုအခါ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပိုမိုမြင့်မားလာခြင်းကြောင့် ၁၀.၂ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆောက်လုပ်ရေးကဏ္ဍ တိုးတက်မှုသည် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ အထောက်အပံ့ဖြင့် ၇.၇ ရာခိုင်နှုန်းမှ ၆.၆ ရာခိုင်နှုန်းသို့ လျော့သွားခဲ့ပြီး၊ စိုက်ပျိုးရေးကဏ္ဍသည် ပထမသုံးလပတ်တွင် ၂.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ယခုသုံးလပတ်တွင် ၃.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                            

DOCA (ရန်ကုန်)